Saturday, March 1, 2014

ရိုသေထိုက်သူကို ရိုသေခြင်းသည် မင်္ဂလာမည်၏။



ကစ္စာနီဇာတ်

တစ်ခါတုန်းက မြို့တစ်မြို့မှာ သားအမိနှစ်ယောက် ရှိပါတယ်။ သားဖြစ်သူက အမေကို နတ်လိုသဘောထားပြီး လုပ်ကျွေးနေတာပါ။

တစ်နေ့တော့ အမေဖြစ်သူက သားဖြစ်သူကို အိမ်ထောင်ပြုဖို့ ပြောလာပါတယ်။ လူဆိုတာ အာရုံနဲမတွေသေးခင် တကယ်အဖြူထည်လေးပါ။ အာရုံကြောင့်သာ အရောင်တွေပြောင်းသွားကြတာပါ။ တကယ်အဖြူထည်ဖြစ်တဲ့ သားဖြစ်သူက အဖြူထည်စိတ်ရင်းအတိုင်းဘဲ…အမေရယ်…လူစိမ်ဝင်လာရင် ပြဿနာတွေလည်း ၀င်လာပါလိမ့်မယ်။ဒီအတိုင်းလေးပဲကောင်းပါလိမ့်မယ်၊ ဒီအတိုင်းလေးပဲ ကောင်းပါတယ်…လိုပြန်ပြောပါတယ်။

ဒီတော့အမေလုပ်သူက…သားပြောတာမှန်ပါတယ်၊ ဒါပေမဲ့သားဘ၀ရှေ့ရေးကရှိသေးတယ်၊ ပြုလိုက်ပါသားရယ်လို့ အကြိမ်ကြိမ်ပြောလာတော့ သားဖြစ်သူကလည်း နောက်ဆုံးတော့ မိခင်အလိုကျ အိမ်ထောင်ပြုလိုက်ပါတယ်.။

ဇနီဖြစ်သူက ပထမတော့ ယောက္ခမဖြစ်သူကို ခင်ပွန်းအလိုကျ ပြုစုပါတယ်။ နောက်ဆုံးတော့ ထုံစံအတိုင်း ပိကျိပိကျိ လုပ်လာတော့တာပါပဲဈ အဲဒီအချိန်မှာ သားဖြစ်သူကလည်း အာရုံအသစ်နဲ့တွေ့လာပြီဆိုတော့ အဖြူထည်သက်သက် မဟုတ်တော့ပါဘူး ။ အရောင်လေးတွေပြောင်းလာပါပြီး။ ဒီကြားထဲမှာ သူတို့လင်မယားအတွက် ကလေးမရတာကလည်း အဓိကပြဿနာ ဖြစ်လာပါတယ်။ အဲဒီကလေးမရတဲ့ ပြဿနာဟာ နောက်ဆုံးအမေဖြစ်သူဆီရောက်လာပါတော့တယ်။ ဇနီဖြစ်သူရဲ့ စွပ်စွဲချက်ကတော့ မင်္ဂလာမရှိတဲ့ ဒီအမေကြီး အိမ်မှာရှိနေလို့ ကလေးမရတာပေါ့။

သားဖြစ်သူကိုယ့်တိုင်းကလည်း ..အမေရယ် တခြားမှာ သွားနေပေးပါလို့…တောင်းပန်လာပါတယ်။ အမေလုပ်သူကလည်း သားစိတ်ချမ်းသာအောင် တခြားအိမ်တစ်အိမ်မှာ အိမ်စေသဘောမျိုးနဲ့သွားနေပေးပါတယ်။

တိုက်ဆိုင်ချင်တော့ အမေလုပ်သူထွက်သွားပြီး မကြာခင်မှာဘဲ ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရလာပါသတဲ့။ ဒီတော့ဇနီဖြစ်သူက…တွေ့တယ်မဟုတ်လား၊ မင်္ဂလာမရှိတဲ့ ရှင့်အမေမရှိတာနဲ့ ကိုယ်ဝန်တန်းရတယ်လို့ သက်သေထူးပါတော့တယ်။ ဇနီးဖြစ်သူက ဒီစကားကို ခင်ပွန်းဖြစ်သူသာ မကဘဲ အိမ်နီးချင်တွေပါ လိုက်ပြောနေပါသတဲ့။

တစ်ဆင့်စကားနဲ့ ဒီသတင်းဟာ အမေဆီရောက်သွားပါတယ်။ ဒီတော့ အမေလုပ်သူက ဘယ်လိုတွေးသလဲဆိုတော့ ..အင်း… သူတို့ပြောတဲ့စကားအတိုင်း ငါ့ကိုနှင်ထုတ်လိုက်လို့ ကိုယ်ဝန်ရတယ်ဆိုရင်တော့ လောကမှာတရားသေသွားလို့ပဲဖြစ်မယ်။ တကယ်လို့တရားမသေခဲ့ဘူးဆိုရင် ငါ့ကိုနှင်ထုတ်လိုက်တဲ့ အကုသိုလ်ကံက သူတို့ကို အကျိုးပေးရမှာ၊အခုတော့တရားသေသွားပြီး၊ သေသွားတဲ့တရားအတွက် ငါ့အနေနဲ့ ဆွမ်းသွတ်ပေးရမယ်လို့ အတွေးဖြစ်ပါသတဲ့။

အမေလုပ်သူဟာ သူတွေဖြစ်တဲ့အတိုင်း သေသွားတဲ့တရားအတွက်ဆွမ်းသွတ်ပေးမယ်ဆိုပြီး သုသာန်မှာသွားပြီး ထမင်းဟင်းချက်ဖို့ပြင်ဆင်ပါတယ်။ ဘာဖြစ်လို့သုသာန်မှာသွားပြီး ထမင်းဟင်ချက်တယ်ဆိုတာကို စာထဲမှာပြမထားလို့မသိရပါဘူး၊ သူတို့ခေတ်ကဓလေ့တစ်ခုဖြစ်ဟန်ထင်ပါတယ်။ သူသာန်မှာ သေသွားတဲ့တရားကိုဆွမ်းသွတ်ပေးဖို့ ထမင်းဟင်းချက်နေတဲ့ အမေအိုကို သိကြားမင်းက တွေ့သွားပါတယ်။ ဒီတော့ သိကြားမင်းလည်း မနေသာတော့ပါဘူး သိကြားမင်းက အမေအိုရှိရာကို ဆင်းလာပြီး သူ့တန်ခိုးအာနုဘော်နဲံ့ပဲ အမေဖြစ်သူကို သားဖြစ်သူအိမ်ပြန်ရောက်အောင် စီစဉ်ပေးလိုက်ရပါတော့သတဲံ့။

(ရဝေနွယ်-အင်းမ)..မင်္ဂလာအတွေးများ စာအုပ်မှ

No comments:

Post a Comment