Tuesday, December 3, 2013

ဘာလို.များ….



  1. ခွဲခွာရမယ်ဆိုတာကို
    သိလျက်နဲ.
    ဘာလို.များ ပေါင်းစည်းနိုင်ဖို.
    ကြိုးစားနေကြပါလိမ်. ။။။
    ဆုံဆည်းခြင်းမှန်သမျှ
    ကွဲကွာခြင်းမှာ အဆုံးသတ်ပြီး
    ကွဲကွာခြင်းမှန်သမျှ
    နာကျင်ခံခက် ခါးသက်တာချည်းပဲ ဆိုတာ
    သိလျက်နဲ.လေ။။။
    ဆုံဆည်းခြင်း မရှိရင်
    ခွဲခွာရမှုမရှိ
    သောက ပရိဒေ၀မီးမလောင်
    အေးချမ်းမှု အတိနဲ့
    ပူလောင်မှု နတ္ထိပေါ့ ။။။
    တို. ဘို.ဘေးအစဉ်အဆက်ကို ကြည်.စမ်း
    တစ်ဦးနဲ.တစ်ဦး
    တစ်မိသားနဲ.တစ်မိသား
    အတူတကွ ပေါင်းစည်းနိုင်ဖို.
    ဆုပ်ကိုင်ထားနိုင်ဖို.
    ဖက်တွယ်ရပ်တည်နိုင်ကြဖို. ကြိုးစားရင်းနဲ.
    ခွဲခွာရခြင်း ဆိုတဲ. လမ်းဆုံးမှာ
    မျက်ရည်တွေ ဗရပွ
    သောကတွေ ပွက်ပွက်ထပြီး
    အတိုင်းအဆမရှိ ကြေကွဲမှုတွေနဲ.
    ချစ်ခင်တွယ်တာမှုအတွက်
    အဖိုးအခတွေ
    ပေးဆပ်ခဲ.ကြရတာများ ….
    ဘာလို.များ….
    ငါတို့က ဆုံဆည်းဖို. ကြိုးစားနေကြပါလိမ်. ….
    (Dhamma Rakhita)

Sunday, December 1, 2013

အဖော်မွန်

မဂ္ဂင်လမ်းကြောင်း
ခေါင်းဆောင်ကောင်း၏
ရွှေနှုတ်တော်မှ တဖွဖွ
မိန်.မှာခဲ.တာက တော.
အပ္ပမာဒေန သမ္ပာဒေထ…..
မိတ်ကောင်းဆွေကောင်း၏ ဂုဏ်ပုဒ်
အပြည်.၀ဆုံး ဖော်ထုတ်မဲ.
သဘောတ၇ား တစ်ခု၏အမည်က
သတိ ဆိုတဲ. ဓမ္မသဘာဝပါ
အဖော်မွန်အဖြစ်သာ ခံယူလိုက်စမ်းပါ
အတိုင်းအဆ မရှိသော
ကောင်းကျိုးတ၇ားများကို
လက်တွဲမဖြုတ်သမျှ ကာလအထိ
ပေးဆပ်သွားမဲ. သူပါ….
နောက်ဆုံး….
ချမ်းသာအတိ နိဗ္ဗာန်အထိကိုလဲ
ခေါင်ချုပ်အဖြစ်နဲ.
ဆောင်ပို.ပစ်နိုင်တဲ. အဖော်မွန်ပါပဲ…….(Dhamma Rakhita)