Saturday, March 8, 2014

လူမျိုးရေး ဘာသာရေး အဓိကရုဏ်းအတွင်း ဘုရားသားတော်တစ်ပါး၏ စွမ်းဆောင်ချက်

လူ့အဖွဲ့အစည်းအားလုံးနှင့် ကမ္ဘာကပါ အံ့သြတုန်လှုပ်ခဲ့ ရသော ဖြစ်ရပ်ကြီး ၂၀၁၃ မတ်လ ၂၀ ရက်တွင် မိတ္ထီလာမြို့၌ စတင်ဖြစ်ပွားခဲ့သည်။ မိတ္ထီလာအကြမ်းဖက်မှု ကြီးဖြစ်ပွားနေစဉ် ဒုက္ခရောက်နေသူများကို စာနာစွာ သတ္တိရှိစွာဖြင့် စွန့်စွန့်စားစား ကယ်တင်ခဲ့သူများ လည်းရှိခဲ့သည်။

မိတ္ထီလာမြို့ ရတနာဦးကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးဝိသုဒ္ဓက ဒုက္ခသည်ရှစ်ရာကျော်ကို ဘေးမသီရန်မခအောင် ရဲဝံ့စွာ ကယ်တင်ခဲ့ပါသည်။

သက်တော် (၅၅) နှစ်၊ ၀ါတော် (၃၅) ဝါရှိ ဆရာတော် ဦးဝိသုဒ္ဓက ဒုက္ခရောက်နေသည့် အစ္စလာမ်ဘာသာဝင် ရှစ်ရာကျော်အား ကျောင်း အတွင်း မေတ္တာရိပ်၌ ခိုလှုံခွင့်ပေးခဲ့ပြီး အန္တရာယ်ပြုရန် လာရောက် သူများက ထုတ်ပေးရန်ပြောရာ ၎င်းကိုသတ်ပြီးမှ ဒုက္ခသည်များကိုသတ် ပါဟု ရဲရင့်သောပြောစကား လုပ်ဆောင်မှုများကြောင့် အကြမ်းဖက်ရန် လာသူအချို့ လှည့်ပြန်သွားပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ သည်။

ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအတွင်းမှာပင် ဘုရားသားတော် တစ်ပါး၏ မေတ္တာ၊ ကရုဏာ၊ သတ္တိတို့ကြောင့် လူ့အသက်ပေါင်းများစွာ ချမ်းသာရာရခဲ့ပြီး ဗုဒ္ဓဘာသာ၏ မေတ္တာ၊ ကရုဏာ ပြည့်စုံမှုအတွက်လည်း သာဓကကောင်း တစ်ခုဖြစ်ခဲ့ပါသည်။

ဒုက္ခရောက်နေသူများကို ကယ်တင်ခဲ့မှုမှာ ဗုဒ္ဓ၏လမ်းညွှန်ချက်အ တိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဤသို့ကယ်တင်နိုင်ခဲ့၍် ပျော်ရွှင်ကျေနပ် ခဲ့ရကြောင်း ဆရာတော်က 7Day News သို့ မိန့်ကြားခဲ့သည်။

ရတနာဦးကျောင်းတိုက်တွင် သံဃာ ၃၅ ပါးရှိပြီး ပဋိပက္ခဖြစ်ပွားနေ သည့် လေးရက်အတွင်း ဒုက္ခသည်ရှစ်ရာကျော် ကယ်တင်ပေးခဲ့ခြင်းဖြစ် သည်။

ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ၌ဖြစ်ပွားနေသော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများရှောင်ကြဉ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ဘာသာလူမျိုးမခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနှင့်နေထိုင်ကြ လျှင် မြန်မာ နိုင်ငံသာမက ကမ္ဘာမှာပင် ထာဝရငြိမ်းချမ်းမည်ဟု
ဆရာတော်က အကြံ ပြုသည်။

မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဆရာတော် ၏ စွမ်းဆာင်ချက်နှင့်အယူဝါဒမှာ နမူနာကောင်းဖြစ်ပြီး လူ့အသက် ပေါင်းများစွာ ကို စွန့်စွန့်စားစားကယ်တင်ပေးခဲ့သည့်အတွက် 7Day News က ၂၀၁၃ ခုနှစ်အတွက် 7Day News Hero ဆု ဆက်ကပ်ဂုဏ်ပြု ခဲ့ခြင်းဖြစ်ပါသည်။

ဆုကို 7Day News ဂျာနယ်အယ်ဒီတာချုပ်ဦးသောင်းစုငြိမ်းမှ ဆပ်ကပ်ခဲ့ပါ
သည်။

No comments:

Post a Comment