Wednesday, January 29, 2014

လှမ်း



ဆန္ဒတွေ မစောပါနဲ့
အတွေ့အကြုံဆိုတာ
အမြဲတန်း ရပ်တန့်နေတဲ့ အရာမဟုတ်ပါဘူး...

Latest ဆိုတာ
ကာလတစ်ခုအထိသာ
အသက်ရှည်တဲ့အရာပါ...

သင်ယူစရာတွေ
အများကြီး ရှိသေးပါလား ဆိုပြီး
နေ၀င်ချိန်ရောက်မှ
မျက်ရည် မကျစေချင်ဘူး...

မနေ့က၊ ဒီနေ့ နဲ့ မနက်ဖြန် တို့
ထပ်တူကျပြီ ဆိုရင်
ခင်ဗျားကို ခင်ဗျား
ပြန်ဆန်းစစ်ဖို့ လိုမယ်

ရင့်ကျက်ခြင်းနဲ့ ပြည့်ဝခြင်း
ဆိုတာတွေက
ပါးစပ်ကထုတ်ပြောရုံနဲ့
လုံလောက်တာမျိုး မှမဟုတ်တာ.................by: Dhamma Rakhita

AV/QV +더라도 (Korea Grammar)



တကယ်လို့ အကယ်၍များ ရှေ့ဝါကျရဲ့ ကိစ္စ ရှိလည်းပဲ နောက်ဝါကျရဲ့ ကိစ္စ ဖြစ်ပေါ်တယ်

ရှင်းလင်းချက် -- ရှေ့ဝါကျ ရဲ့ ကိစ္စုဖြစ်ပေါ်မယ့် ဖြစ်နိုင်ချေ နည်းပေမယ့် တကယ်လို့ အကယ်၍များ ဖြစ်လာခဲ့လည်း နောက်ဝါကျရဲ့ ကိစ္စရပ်ပါ ဖြစ်ပေါ်တယ် နောက်ဝါကျတွင် အတိတ်ပုံစံ မသုံးရပါ

AV/QV +더라도 •••> V ရင်လည်း / V ရင်တောင် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်ခင်ဗျာ ပိုရှင်းသွားအောင် ဥပမာလေးနဲ့ အတူ ကြည့်ပေးပါဦးနော်

♠약을 먹기 싫더라도 먹어야 해요.
ယာ့ဂူလ်း မော့ကီ ရှီလ်းထောရာဒိုး မောဂေါယား ဟယ်ယို

ဆေးမသောက်ချင်လည်း သောက်ရမယ်

(ရှေ့ဝါကျရဲ့ ဆေးမသောက်ချင်ဘူးဆိုတဲ့ကိစ္စဖြစ်ရင်
တောင် နောက်ဝါကျရဲ့ သောက်ရမယ် ဆိုတဲ့ ကိစ္စဖြစ်ပေါ်တယ်ကို ဆိုလိုတာပါ)

♠청소가 싫더라도 하세요

ချောင်းဆိုးဂ ရှီလ်းထောရာဒိုး ဟာဆေယို

သန့်ရှင်းရေး မလုပ်ချင်လည်း လုပ်ပါ

♠열심히 공부하더라도 1등하기는 하늘의 별따기입니다.

ယောလ်ရှင်းမှိ ဂုံဘူးဟာဒေါရာဒိုး အီလ်းတွန်းငါဂီနွန်း ဟာနူလ်းရဲ ဗျောလ်တာဂီ အင်မနီသာ

ကြိုးကြိုးစားစားနဲ့ စာလုပ်ရင်တောင်မှ အဆင့် ၁ ရဖို့ဆိုတာ ကောင်းကင်က ကြယ်ကို ဆွတ်ရသလိုပါပဲ

♠결혼하더라도 일을 계속할 생각입니다.

ဂယောရိုန်းနာဒေါရာဒိုး ဂဲဆို့ခါလ်းဆဲင်းဂါ့ဂီမနီသာ

အိမ်ထောင်ကျသွားလည်း အလုပ်ကို ဆက်လုပ်မယ်လို့ စိတ်ကူးထားတယ်

(အိမ်ထောင်ပြုမယ့် ရာခိုင်နှုန်း နည်းတယ် သို့သော် အိမ်ထောင် ပြုဖြစ်သွားလည်း အလုပ်မထွက်ပဲ ဆက်လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါ )

♠고향에 돌아가더라도 한국을 잊지 않겠어요.

ဂိုဟယန်းငဲ ဒိုရာဂါဒေါရာဒိုး ဟန်းဂုဂူလ်း အိကျိ အန်ခဲ့စော်ယို

ဇာတိကို ပြန်သွားရင်တောင် ကိုရီးယားကို မေ့မှာ မဟုတ်ဘူး

♠쓰기 연습이 귀찮더라도 꾸준히 하세요.

စုကီ ယောန်ဆွတ်ဘိ ဂွီချန်းထောရာဒိုး ကူဂျူးနိ ဟာဆေယို

စာရေးကျင့်ဖို့ စိတ်မပါလည်း အဆက်မပြတ် လေ့ကျင့်ပါ



from (KLFFW)Korean Language For Foreign Workers-미얀마 친구들 위한 한국어

“အင်္ဂါ (၅) ရပ်ကို ပယ်ပြီးသူ”

“အင်္ဂါ (၅) ရပ်ကို ပယ်ပြီးသူ”

သီလရှိတဲ့ ပုဂ္ဂိုလ်ဆိုတာက ဘယ်လောက်အထိ သီလရှိတာလဲဆိုတာကို ဘု
ရားရှင်က ဆက်ပြီးတော့ သတ်မှတ်ချက် ပေးတယ်နော်။

သော စ ဟောတိ ပဉ္စင်္ဂ၀ိပ္ပဟီနော ပဉ္စင်္ဂသမန္နာဂတော။ (အံ၊၁၊၁၆၁။)

အင်္ဂါ (၅)ပါးကို ပယ်ထားပြီး ဖြစ်ရမယ်။ အင်္ဂါ (၅)ချက်နဲ့ ပြည့်စုံပြီးလည်းဖြစ်ရ
မယ်။ ဘာအင်္ဂါ (၅)ချက်ကို ပယ်ရလဲ?

ကာမစ္ဆန္ဒော ပဟီနော ဟောတိ၊ ဗျာပါဒေါ ပဟီနော ဟောတိ၊ ထိနမိဒ္ဓံ ပဟီနံ
ဟောတိ၊ ဥဒ္ဓစ္စကုက္ကုစ္စံ ပဟီနံ ဟောတိ၊ ၀ိစိကိစ္ဆာ ပဟီနာ ဟောတိ။
(အံ၊၁၊၁၆၂။)

(၁) ကာမစ္ဆန္ဒ = သက်ရှိသက်မဲ့ ကာမ၀တ္ထု အစုစုတို့အပေါ်၌ လိုလားတပ်မက်
တွယ်တာတပ်မက်နေတဲ့သဘောကို ကာမစ္ဆန္ဒလို့ ခေါ်တယ်။ ကာမစ္ဆန္ဒနီဝရဏ
ပဲ။ အဲဒီ ကာမစ္ဆန္ဒနီဝရဏကို ပယ်ထားပြီး ဖြစ်ရမယ်။

(၂) ဗျာပါဒ = သတ္တဝါတွေကို သတ်ဖြတ်လိုတဲ့, ညဉ်းပန်း နှိပ်စက်လိုတဲ့, ဖျက်
ဆီးလိုတဲ့ စိတ်ထားကို ဗျာပါဒလို့ ခေါ်တယ်။ ထိုဗျာပါဒကို ပယ်ထားပြီး ဖြစ်ရ
မယ်။ အလှူခံပုဂ္ဂိုလ်နော်။

(၃) ထိန မိဒ္ဓ = စိတ်စေတသိက်တွေက ထိုထို သမထ-ပိပဿနာဘာဝနာစ
တဲ့ ကောင်းမှုကုသိုလ် လုပ်ငန်းရပ်တွေအပေါ်၌ တွန့်ဆုတ်နေတဲ့သဘော။

ဒကာကြီးတွေ တရားအားထုတ်ပါလား? ကျောင်းလာတဲ့ အချိန်အခါမှာ တရား
တစ်ချိန်လောက် ထိုင်လိုက်ပါလား? မတတ်နိုင်သေးဘူးဘုရား ...
တပည့်တော်တို့က အလုပ်ကလေးက ရှိနေသေးတယ်။ ဘာလေးက ရှိနေသေး
တယ်။ ညာလေးက ရှိနေသေးတယ်ဆိုပြီး ခပ်မြန်မြန် လစ်ပြေးတယ်နော်။ အဲဒီ
ပုံစံမျိုးပဲ။ ဒါ စိတ်စေတသိက်တွေ ထိုင်းမှိုင်းနေတာ။ ကုသိုလ်ရေးလုပ်ငန်း, သမ
ထ-၀ိပဿနာဘာဝနာလုပ်ငန်းရပ်တွေမှာ ထိုင်းမှိုင်းနေတယ်နော်။ အဲဒီလို စိတ်
စေတသိက်တွေကို ထိုင်းမှိုင်းစေတတ်တဲ့ ထိန-မိဒ္ဓတရား နှစ်ပါးကိုလည်း ပယ်
ထားပြီး ဖြစ်ရမယ်။

(၄)ကျတော့ -- ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စကို ပယ်ထားပြီး ဖြစ်ရမယ်။ ဥဒ္ဓစ္စက စိတ်မငြိမ်
သက်ဘူး။ ဘာဝနာအာရုံတစ်ခုပေါ်မှာ စိတ်ချထားရင်စိတ်က ငြိမ်ပြီး ကပ်မနေ
ဘဲနဲ့ စိတ်က ဟိုရောက် ဒီရောက်။ ဟိုပျံ့ ဒီပျံ့နဲ့ပျံ့လွင့်နေတဲ့ သဘော။ ကုက္ကုစ္စ
ဆိုတာကတော့ ပြုပြီးတဲ့ ဒုစရိုက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပြုမိတာ မှား
လေခြင်းဆိုပြီးတော့ နောင်တတစ်ဖန် ပူပန်နေတယ်။ မပြုမိတဲ့ သုစရိုက်တရား
တွေ, ကောင်းမှုကုသိုလ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း မပြုမိတာမှား
လေခြင်းဆိုပြီးတော့ နောင်တတစ်ဖန်ပူပန်နေတဲ့သဘော။ အဲဒီဥဒ္ဓစ္စနဲ့ကုက္ကုစ္စ တ
ရားနှစ်ပါးကိုလည်း ပယ်ထားပြီးဖြစ်ရမယ်။

(၅)ကျတော့  -- ၀ိစိကိစ္ဆာ ။ ၀ိစိကိစ္ဆာဆိုတာက သို့လောသို့လောတွေးတော
ယုံမှားနေတဲ့ သဘောတရားတစ်ခုပဲ။ သဗ္ဗညုတဉာဏ်ကို ရတဲ့ဘုရားစစ် ဘုရား
မှန်ဆိုတာ ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။ အဲဒီလိုသသံယရှိတဲ့ ပုဂ္ဂိုလ်တွေ
ခုခေတ်မှာလည်း မရှိဘူးလား? ရှိပါတယ်။

ဘုန်းကြီးတို့ တစ်ချိန်ကပေါ့ -- လွတ်လပ်ရေးမရခင် ဂျပန်ခေတ်မတိုင်ခင်လောက်
ကနဲ့တူပါတယ။် မုံဂွာက‘ဇောက်ထိုး’ အမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက သတင်းစာထဲ
မှာ‘သဗ္ဗညုတဉာဏ်ဆိုတာ ရှိပါသလား’ဆိုပြီးတော့  သတင်းစာထဲက ထည့်ရေး
လို့ တစ်ပြည်လုံး တော်တော်လေး သွက်သွက်ခါသွားတယ်နော်။

သဗ္ဗညုဉာဏ်ရှိတဲ့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား, ရှိမှ ရှိ
ပါ့မလားလို့ သံသယရှိတယ်။ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတဲ့တရားတွေ တ
ကယ်ထင်ရှား ရှိမှ ရှိပါ့မလားလို့ သံသယရှိတယ်။ မဂ် ဖိုလ်နိဗ္ဗာန်ကို သိတော်မူ
မြင်တော်မူတတ်တဲ့ အရိယာသံဃာဆိုတာ တကယ်ထင်ရှား ရှိမှ ရှိပါ့မလားလို့
သံသယရှိတယ်။

သီလကျင့်စဉ်, သမာဓိကျင့်စဉ်, ပညာကျင့်စဉ်တွေနဲ့ ပတ်သက်လို့လည်း သံသ
ယရှိတယ်။ ဒီသီလကို ဖြည့်ကျင့်ရတာ ဘာအကျိုးရှိမှာလဲ။ ဒီသမာဓိတွေကို ခု
ခေတ်မှာ ထူထောင်လို့ရမှ ရပါ့မလား? စားလိုက်တဲ့ အစာအာဟာရဓာတ်တွေက
ဗီတာမင် အာဟာရဓာတ်တွေ လျော့နည်းနေတဲ့အတွက် ခန္ဓာကိုယ်တွေက ခန့်
ကျန်းမှု မရှိတဲ့အတွက် ခုခေတ်မှာ သမထ = သမာဓိကို ထူထောင်ရင် မဖြစ်နိုင်
ဘူးလို့ သံသယ ရှိကြတယ်။ အဒဲါဟာ သမာဓိသိက္ခာမှာ သံသယရှိတာ မဟုတ်
ဘူးလား? ဟုတ်တယ်။

နောက်တစ်ခါ ပညာသိက္ခာ။ ပညာကျင့်စဉ်မှာလည်း သံသယရှိတယ်။ ဘယ်လို
သံသယရှိလဲ? ဒီရုပ်ကလာပ်ကလေးတွေ ဘယ်လိုမှ ရှုလို့ မရနိုင်ဘူး။ ဒီနာမ်တ
ရားတွေ ဘယ်လိုမှ ရှုလို့မရနိုင်ဘူးလို့ ဒီနေ့ခေတ်က မပြောဘူးလား? ပြောနေကြ
တယ်။ သံသယရှိလို့ ပြောတာလား? မရှိလို့ ပြောတာလား? သံသယရှိနေတယ်။ ဘုရားဟောပညာသိက္ခာကျင့်စဉ်အပေါ်မှာလည်း သံသယရှိတယ်။

သမုဒယသစ္စာအမည်ရတဲ့ တရားတွေကို ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ် ရရှိ
အောင် ကျင့်နေတဲ့ ကျင့်စဉ်ကို ပညာကျင့်စဉ်၊ ပညာသိက္ခာလို့ပဲခေါ်တယ်။

အဲဒီ သမုဒယသစ္စာကို သိရေးမှာ အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အ
ကျိုးတရားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်းတရားကြောင့် အနာဂတ်အကျိုးတရားဖြစ်
ပုံဆိုတဲ့ ကြောင်း-ကျိုးဆက် ပဋိစ္စသမုပ္ပါဒ် ကွင်းဆက်တွေပါ ပါဝင်နေတယ်။ ဒီ
နေ့ ခေတ်မှာကတော့ အဲဒီ အတိတ်, အနာဂတ်ဟာ ဘယ်လိုမှရှုလို့ မရပါဘူး။
ဝိပဿနာနဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောနေတော့ ဒီပညာကျင့်စဉ်ကိုလည်း သံသ
ယရှိတာ မဟုတ်ဘူးလား? ရှိနေတယ်နော်။

ဒါကြောင့် အဲဒီလို သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်အပေါ်၌
သံသယရှိနေတဲ့တရားကို ဘာလို့ခေါ်လဲ?

ဝိစိကိစ္ဆာ။ အဲဒီ ၀ိစိကိစ္ဆာကိုပယ်ထားပြီး ဖြစ်ရမယ်။ ပေါင်းလိုက်တော့ နီဝရဏတ
ရား (၅)ပါးပဲနော်။

နီဝရဏတရား (၅)ပါးကို ပယ်ထားတာကို အင်္ဂါ (၅)ရပ် ပယ်ထားပြီးဖြစ်တယ်လို့
သတ်မှတ်ထားတယ်။ နီဝရဏတရား (၅)ပါးလို့ ခေါ်ဆိုအပ်တဲ့ခေါင်းဆောင်ကြီး
(၅)ခုကို ပယ်လိုက်ရင် နောက်လိုက်တွေ အားလုံး ကုန်သွားတယ်။ အကုသိုလ်
တရားအားလုံး ကုန်သွားပြီနော်။ ဒါ ပယ်ရမယ့် အင်္ဂါ(၅)ချက်။ ပြည့်စုံရမယ့် အင်္ဂါ (၅)ချက်ကိုလည်း မြတ်စွာဘုရားက ဆက်ဟောတော်မူပါတယ်။

ဖားအောက်တောရဆရာတော်
(ဝစ္ဆဂေါတ္ထသုတ္တန်)