
လူ့အဖွဲ့အစည်းအားလုံးနှင့် ကမ္ဘာကပါ အံ့သြတုန်လှုပ်ခဲ့ ရသော ဖြစ်ရပ်ကြီး
၂၀၁၃ မတ်လ ၂၀ ရက်တွင် မိတ္ထီလာမြို့၌ စတင်ဖြစ်ပွားခဲ့သည်။
မိတ္ထီလာအကြမ်းဖက်မှု ကြီးဖြစ်ပွားနေစဉ် ဒုက္ခရောက်နေသူများကို စာနာစွာ
သတ္တိရှိစွာဖြင့် စွန့်စွန့်စားစား ကယ်တင်ခဲ့သူများ လည်းရှိခဲ့သည်။
မိတ္ထီလာမြို့ ရတနာဦးကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော် ဦးဝိသုဒ္ဓက
ဒုက္ခသည်ရှစ်ရာကျော်ကို ဘေးမသီရန်မခအောင် ရဲဝံ့စွာ ကယ်တင်ခဲ့ပါသည်။
သက်တော် (၅၅) နှစ်၊ ၀ါတော် (၃၅) ဝါရှိ ဆရာတော် ဦးဝိသုဒ္ဓက ဒုက္ခရောက်နေသည့်
အစ္စလာမ်ဘာသာဝင် ရှစ်ရာကျော်အား ကျောင်း အတွင်း မေတ္တာရိပ်၌
ခိုလှုံခွင့်ပေးခဲ့ပြီး အန္တရာယ်ပြုရန် လာရောက် သူများက ထုတ်ပေးရန်ပြောရာ
၎င်းကိုသတ်ပြီးမှ ဒုက္ခသည်များကိုသတ် ပါဟု ရဲရင့်သောပြောစကား
လုပ်ဆောင်မှုများကြောင့် အကြမ်းဖက်ရန် လာသူအချို့ လှည့်ပြန်သွားပြီး
လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့ သည်။
ဘာသာရေး၊
လူမျိုးရေးပဋိပက္ခအတွင်းမှာပင် ဘုရားသားတော် တစ်ပါး၏ မေတ္တာ၊ ကရုဏာ၊
သတ္တိတို့ကြောင့် လူ့အသက်ပေါင်းများစွာ ချမ်းသာရာရခဲ့ပြီး ဗုဒ္ဓဘာသာ၏ မေတ္တာ၊
ကရုဏာ ပြည့်စုံမှုအတွက်လည်း သာဓကကောင်း တစ်ခုဖြစ်ခဲ့ပါသည်။
ဒုက္ခရောက်နေသူများကို ကယ်တင်ခဲ့မှုမှာ ဗုဒ္ဓ၏လမ်းညွှန်ချက်အ တိုင်း
ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဤသို့ကယ်တင်နိုင်ခဲ့၍် ပျော်ရွှင်ကျေနပ်
ခဲ့ရကြောင်း ဆရာတော်က 7Day News သို့ မိန့်ကြားခဲ့သည်။
ရတနာဦးကျောင်းတိုက်တွင် သံဃာ ၃၅ ပါးရှိပြီး ပဋိပက္ခဖြစ်ပွားနေ သည့် လေးရက်အတွင်း ဒုက္ခသည်ရှစ်ရာကျော် ကယ်တင်ပေးခဲ့ခြင်းဖြစ် သည်။
ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ၌ဖြစ်ပွားနေသော လူမျိုးရေး၊ ဘာသာရေး
ပဋိပက္ခများရှောင်ကြဉ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ
ဘာသာလူမျိုးမခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနှင့်နေထိုင်ကြ လျှင် မြန်မာ
နိုင်ငံသာမက ကမ္ဘာမှာပင် ထာဝရငြိမ်းချမ်းမည်ဟု
ဆရာတော်က အကြံ ပြုသည်။
မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် ဆရာတော် ၏
စွမ်းဆာင်ချက်နှင့်အယူဝါဒမှာ နမူနာကောင်းဖြစ်ပြီး လူ့အသက် ပေါင်းများစွာ
ကို စွန့်စွန့်စားစားကယ်တင်ပေးခဲ့သည့်အတွက် 7Day News က ၂၀၁၃ ခုနှစ်အတွက်
7Day News Hero ဆု ဆက်ကပ်ဂုဏ်ပြု ခဲ့ခြင်းဖြစ်ပါသည်။
ဆုကို 7Day News ဂျာနယ်အယ်ဒီတာချုပ်ဦးသောင်းစုငြိမ်းမှ ဆပ်ကပ်ခဲ့ပါ
သည်။

ကစ္စာနီဇာတ်
တစ်ခါတုန်းက မြို့တစ်မြို့မှာ သားအမိနှစ်ယောက် ရှိပါတယ်။ သားဖြစ်သူက အမေကို နတ်လိုသဘောထားပြီး လုပ်ကျွေးနေတာပါ။
တစ်နေ့တော့ အမေဖြစ်သူက သားဖြစ်သူကို အိမ်ထောင်ပြုဖို့ ပြောလာပါတယ်။
လူဆိုတာ အာရုံနဲမတွေသေးခင် တကယ်အဖြူထည်လေးပါ။ အာရုံကြောင့်သာ
အရောင်တွေပြောင်းသွားကြတာပါ။ တကယ်အဖြူထည်ဖြစ်တဲ့ သားဖြစ်သူက
အဖြူထည်စိတ်ရင်းအတိုင်းဘဲ…အမေရယ်…လူစိမ်ဝင်လာရင် ပြဿနာတွေလည်း
ဝင်လာပါလိမ့်မယ်။ဒီအတိုင်းလေးပဲကောင်းပါလိမ့်မယ်၊ ဒီအတိုင်းလေးပဲ
ကောင်းပါတယ်…လိုပြန်ပြောပါတယ်။
ဒီတော့အမေလုပ်သူက…သားပြောတာမှန်ပါတယ်၊ ဒါပေမဲ့သားဘ၀ရှေ့ရေးကရှိသေးတယ်၊
ပြုလိုက်ပါသားရယ်လို့ အကြိမ်ကြိမ်ပြောလာတော့ သားဖြစ်သူကလည်း နောက်ဆုံးတော့
မိခင်အလိုကျ အိမ်ထောင်ပြုလိုက်ပါတယ်.။
ဇနီဖြစ်သူက ပထမတော့
ယောက္ခမဖြစ်သူကို ခင်ပွန်းအလိုကျ ပြုစုပါတယ်။ နောက်ဆုံးတော့ ထုံစံအတိုင်း
ပိကျိပိကျိ လုပ်လာတော့တာပါပဲဈ အဲဒီအချိန်မှာ သားဖြစ်သူကလည်း
အာရုံအသစ်နဲ့တွေ့လာပြီဆိုတော့ အဖြူထည်သက်သက် မဟုတ်တော့ပါဘူး ။
အရောင်လေးတွေပြောင်းလာပါပြီး။ ဒီကြားထဲမှာ သူတို့လင်မယားအတွက်
ကလေးမရတာကလည်း အဓိကပြဿနာ ဖြစ်လာပါတယ်။ အဲဒီကလေးမရတဲ့ ပြဿနာဟာ
နောက်ဆုံးအမေဖြစ်သူဆီရောက်လာပါတော့တယ်။ ဇနီဖြစ်သူရဲ့ စွပ်စွဲချက်ကတော့
မင်္ဂလာမရှိတဲ့ ဒီအမေကြီး အိမ်မှာရှိနေလို့ ကလေးမရတာပေါ့။
သားဖြစ်သူကိုယ့်တိုင်းကလည်း ..အမေရယ် တခြားမှာ
သွားနေပေးပါလို့…တောင်းပန်လာပါတယ်။ အမေလုပ်သူကလည်း သားစိတ်ချမ်းသာအောင်
တခြားအိမ်တစ်အိမ်မှာ အိမ်စေသဘောမျိုးနဲ့သွားနေပေးပါတယ်။
တိုက်ဆိုင်ချင်တော့ အမေလုပ်သူထွက်သွားပြီး မကြာခင်မှာဘဲ ဇနီးဖြစ်သူမှာ
ကိုယ်ဝန်ရလာပါသတဲ့။ ဒီတော့ဇနီဖြစ်သူက…တွေ့တယ်မဟုတ်လား၊ မင်္ဂလာမရှိတဲ့
ရှင့်အမေမရှိတာနဲ့ ကိုယ်ဝန်တန်းရတယ်လို့ သက်သေထူးပါတော့တယ်။ ဇနီးဖြစ်သူက
ဒီစကားကို ခင်ပွန်းဖြစ်သူသာ မကဘဲ အိမ်နီးချင်တွေပါ လိုက်ပြောနေပါသတဲ့။
တစ်ဆင့်စကားနဲ့ ဒီသတင်းဟာ အမေဆီရောက်သွားပါတယ်။ ဒီတော့ အမေလုပ်သူက
ဘယ်လိုတွေးသလဲဆိုတော့ ..အင်း… သူတို့ပြောတဲ့စကားအတိုင်း
ငါ့ကိုနှင်ထုတ်လိုက်လို့ ကိုယ်ဝန်ရတယ်ဆိုရင်တော့
လောကမှာတရားသေသွားလို့ပဲဖြစ်မယ်။ တကယ်လို့တရားမသေခဲ့ဘူးဆိုရင်
ငါ့ကိုနှင်ထုတ်လိုက်တဲ့ အကုသိုလ်ကံက သူတို့ကို
အကျိုးပေးရမှာ၊အခုတော့တရားသေသွားပြီး၊ သေသွားတဲ့တရားအတွက် ငါ့အနေနဲ့
ဆွမ်းသွတ်ပေးရမယ်လို့ အတွေးဖြစ်ပါသတဲ့။
အမေလုပ်သူဟာ
သူတွေဖြစ်တဲ့အတိုင်း သေသွားတဲ့တရားအတွက်ဆွမ်းသွတ်ပေးမယ်ဆိုပြီး
သုသာန်မှာသွားပြီး ထမင်းဟင်းချက်ဖို့ပြင်ဆင်ပါတယ်။
ဘာဖြစ်လို့သုသာန်မှာသွားပြီး ထမင်းဟင်ချက်တယ်ဆိုတာကို
စာထဲမှာပြမထားလို့မသိရပါဘူး၊ သူတို့ခေတ်ကဓလေ့တစ်ခုဖြစ်ဟန်ထင်ပါတယ်။
သူသာန်မှာ သေသွားတဲ့တရားကိုဆွမ်းသွတ်ပေးဖို့ ထမင်းဟင်းချက်နေတဲ့ အမေအိုကို
သိကြားမင်းက တွေ့သွားပါတယ်။ ဒီတော့ သိကြားမင်းလည်း မနေသာတော့ပါဘူး
သိကြားမင်းက အမေအိုရှိရာကို ဆင်းလာပြီး သူ့တန်ခိုးအာနုဘော်နဲံ့ပဲ
အမေဖြစ်သူကို သားဖြစ်သူအိမ်ပြန်ရောက်အောင် စီစဉ်ပေးလိုက်ရပါတော့သတဲံ့။
(ရဝေနွယ်-အင်းမ)..မင်္ဂလာအတွေးများ စာအုပ်မှ

တက္ကသိုလ် ဆရာတစ်ယောက်က အသက်နှစ်ဆယ် ဝန်းကျင် တက္ကသိုလ်ကျောင်းသားလေး
တစ်ယောက်ကို လက်ဖက်ရည်ဆိုင်မှာ အောက်ပါသမိုင်းရာဇဝင်လေးတစ်ခုကို
ပြောပြပါတယ်။
"မင်းတုန်းမင်းကြီးလက်ထက်က ပညာရှိအမတ်ကြီး ဦးချိမ့်ဆိုတာ
ရှိတယ်။ ဦးချိမ့်ဟာ သူ့အမေရဲ့  ထဘီကို ကိုယ်တိုင်လျှော်ပေးတယ်။
အိမ်ဖော်လို့ခေါ်တဲ့ အခိုင်းအစေတွေရှိပေမယ့် ဘယ်တော့မှ မလျှော်ခိုင်းဘူးတဲ့။
သူ့ရဲ့ လျှော်ပုံကတော့ သူ့အမေရဲ့  ထဘီကို အင်တုံထဲမှာ တစ်ညဥ့်
စိမ်ထားလိုက်တယ်။ မနက်ကျတော့မှ အင်တုံထဲထည့်ထားတဲ့ ထဘီကို နှိပ်ညှစ်ပြီး
အင်တုံထဲမှာ ရှိနေတဲ့ ထဘီချေးရေတွေကို သွန်မပစ်ဘဲ သိမ်းထားလိုက်တယ်။
ထဘီကိုတော့ ဆက်လျှော်ပေါ့ ။
တအောင့်လောက်ကြာတော့ ထဘီစိမ်ထားတဲ့
အင်တုံထဲက အပေါ်ယံရေကြည်တွေကို သွန်ပစ်လိုက်တယ်၊ ဒီတော့ အင်တုံထဲမှာက
ထဘီချေး အနှစ်ကလေးတွေ ကျန်နေခဲ့တယ်။
အဲဒီ ချေးအနှစ်ကလေးတွေကို
နေလှမ်း၊ ခြောက်တဲ့အခါကျတော့ ကျောက်ပြင်မှာ မှုန့်အောင်ကြိတ်တယ်။
အမှုန့်ကလေးတွေလည်း ရလာရော သူတို့ခေတ်ကရှိတဲ့ နံ့သာဆီတို့ ပန်းပေါင်းဆီတို့
သနပ်ခါးတို့နဲ့ ရောကြိတ်ပြီး နားပန်တယ်။
ပညာရှိအမတ်ကြီး
ဦးချိမ့်ဟာ နန်းတော်ဘုရင်ဆီ အခစားဝင်တဲ့အခါတိုင်း စောစောပြောခဲ့တဲ့
အမေ့ထဘီချေမှုန့်လေးတွေကို ပန်ပန် ဝင်လေ့ရှိတယ်တဲ့။ သူတို့ခေတ်ကတော့
နားပန်တာပေါ့လေ။
ပညာရှိ အမတ်ကြီး ဦးချိမ့်ဟာ အမေ့ထဘီချေးကို
အမြဲပန်ခဲ့တာနဲ့ဘဲ ဘဝမှာ အစစအရာရာ အဆင်ပြေခဲ့တယ်တဲ့။ ဘုရင်ကလည်း ဘွဲ့တွေ
အများကြီး ချီးမြှင့်ခဲ့တယ်။ ပြီးတော့ အင်္ဂလန်၊ ပြင်သစ်၊ စပိန်၊ အီတလီစတဲ့
နိုင်ငံတွေကိုလည်း သံတမန်အနေနဲ့ သွားရောက်ခဲ့ရတယ်။
အဲဒီနိုင်ငံက နိုင်ငံခေါင်းဆောင်ကြီးတွေကလည်း သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်တွေ ဆပ်ကပ်လိုက်တယ်တဲ့”
ဆရာလုပ်သူက တပည့်ကျောင်းသားကို ဦးချိမ့်အကြောင်းအပြင် တခြားရာဇဝင်တွေကိုလည်း လက်ဖက်ရည်သောက်ရင်းနဲ့ ဆက်ပြောပြနေပါသေးတယ်။
လက်ဖက်ရည်ဆိုင်ကပြန်တော့ တက္ကသိုလ်ကျောင်းသားလေးဟာ သူ့ဆရာပြောလိုက်တဲ့ ဦးချိမ့် အကြောင်းကို ခေါင်းထဲက မထွက်တော့ပါဘူး။
ဒါကြောင့် အိမ်ပြန်ရောက်ရောက်ချင်းဘဲ အမေဖြစ်သူရဲ့  ထဘီကို
ပုံးလေးတစ်ခုထဲမှာ စိမ်ထားလိုက်ပြီး ပညာရှိ အမတ်ကြီးဦးချိမ့်
ပြုမူခဲ့တဲ့အတိုင်း ပြုမူတော့တာပါဘဲ။
ဒီဘက်ခေတ်မှာတော့ ထဘီချေးမှုန့်လေးတွေနဲ့ ရောလိမ်းစရာ အလှဆီပစ္စည်းတွေက ယောက်ျားသုံး ၊ မိန်းမသုံးဆိုပြီး အများကြီး ရှိနေပါပြီ။
ဒီတော့ တက္ကသိုလ်ကျောင်းသားလေးဟာ ကျောင်းသွားခါနီးတိုင်း အမေ့ထဘီ
ချေးမှုန့်လေးတွေကို သနပ်ခါးနဲ့ မျက်နှာမှာ လိမ်းလိမ်းသွားလေ့ ရှိပါသတဲ့။
တစ်နေ့တော့ နိုင်ငံခြားပညာတော်သင် လွှတ်ဖို့ ကျောင်းသားသုံးယောက်
ရွေးချယ်မယ့် သတင်းထွက်လာပါတယ်။ သုံးယောက်ဘဲ လွှတ်မှာဆိုပေမယ့်
အရွေးပြိုင်မယ့် ကျောင်းသားတွေက အယောက်တစ်ရာလောက်ရှိနေပါတယ်။
တက္ကသိုလ်ကျောင်းသားလေးလည်း မနက်ရောက်တာနဲ့ အမေ့ထဘီချေးမှုန့်လေးတွေကို
မျက်နှာတင် မကတော့ဘဲ ခန္ဓာကိုယ်အထက်ပိုင်း တစ်ခုလုံးကို လိမ်းပြီး ရေးဖြေ
နှုတ်ဖြေတွေနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။
နောက်ဆုံးတော့ ပညာသင်လွှတ်ဖို့ ကျောင်းသားသုံးယောက် ရွေးချယ်တဲ့အထဲမှာ တက္ကသိုလ်ကျောင်းသားလေး ပါသွားတော့တာပါပဲ။
နောက်ဆက်တွဲ ထပ်သိရတာကတော့ အဲဒီတက္ကသိုလ်ကျောင်းသားလေးဟာ ( အခုတော့
လေးဆယ်ကျော် လူလတ်ပိုင်း တစ်ယောက်ပေါ့လေ) အမေ့ထဘီကို ဒီနေ့အထိ
လျှော်ပေးနေသလို အလုပ်အတွက် အရေးကြီးတဲ့ လူကြီးတွေနဲ့ တွေ့ဆုံရတဲ့
အခါမျိုးတွေမှာ အမေ့ထဘီချေးမှုန့်လေးတွေကို လိမ်းပြီးမှသွားလေ့ ရှိပါတယ်တဲ့။
ရယ်စရာပြောတာတော့ မဟုတ်ပါဘူး၊ သူချစ်တဲ့ကောင်မလေးကို ရည်စားစကား
သွားပြောတုန်းကလည်း အမေ့ထဘီချေးမှုန့်လေးကို လိမ်းပြီးသွားပြောလိုက်တာ
အဖြေကို တစ်ခါတည်း တန်းရခဲ့ပါသတဲ့ ။
(ရဝေနွယ်-အင်းမ) မင်္ဂလာအတွေးများမှ

တစ်ခါတုန်းက ထင်းခွေသမားတစ်ယောက်ရှိပါတယ်။တနေ့တော့ ထင်းခွေသမားဟာ
ထင်းခွေရင်းနဲ့ပဲ မှောင်သွားပါတယ်။မှောင်သွားပြီဆိုတော့ မြို
့တံခါးလည်းပိတ်သွားပြီဆိုတော့ မြို့ ထဲဝင်လို့မရတော့ပါဘူး။
ဒီတော့
နတ်ကွန်းတစ်ခုမှာဝင်အိပ်လိုက်ပါတယ်။အဲဒီနတ်ကွန်းမှာ ယတြာအဖြစ်လွှတ်ထားတဲ့
ကြက်တွေလည်း ရှိပါတယ်။မှောင်ပြီဖြစ်လို့ နတ်ကွန်းအနီး သစ်ပင်မှာ
ကြက်တွေအိပ်နေကြပြီး မိုးသောက်ကာလည်းရောက်ရော အပေါ်ကိုင်းမှာ အိပ်တဲ့
ကြက်တစ်ကောင်ဟာ မစင်စွန့်လိုက်တာ အောက်ကိုင်းမှာ အိပ်နေတဲ့ ကြက်ကိုယ်ပေါ်ကို
ကျသွားပါတယ်။ ပထမတစ်ကြိမ် စကားနဲ့သာ ရန်ဖြစ်ပေမယ့် ဒုတိယတစ်ကြိမ်
မစင်ကိုယ်ပေါ်ကျလာတဲ့အခါ အောက်မှာရှိတဲ့ ကြက်က အပေါ်ကကြက်ကို
တက်ခွပ်ပါတော့တယ်။
နှစ်ကောင် ခွပ်ရင်း မောလာတော့ ခန္ဓာကိုယ်ချင်း ဆက်ပြိုင်လို့ မဖြစ်တော့ ဒေါသကလည်း မပြေသေးတာနဲ့ နှုတ်နဲ့ တစ်ခါ ဆက်ပြိုင်ကြပြန်ပါတယ်။
အောက်ကိုင်းက ကြက်က စပြောတယ်။ “မင်းက ငါ့ကို ဘာမှတ်နေလို့လည်း၊ ငါ့အသားကို ကင်စားတဲ့သူဟာ ချက်ချင်း အသပြာတစ်ထောင်ရတယ်”
ဒီတော့ အပေါ်ကိုင်းက ကြက်က “ မင်းအသားစားလို့ အသပြာတစ်ထောင်ရတာ
စကားထဲထည့်မပြောနဲ့၊ ငါ့ကို သတ်ပြီး ငါ့ရဲ့ အတွင်းသားရင်းကို စားရင်
စားတဲ့သူဟာ မင်းဖြစ်မယ်၊ အပသာမန်အသားကို စားရင် ယောက်ကျားဆို
သေနာပတိ၊မိန်းမဆို မိဖုရားရာထူးရမယ်။ အရိုးအကြွင်းအကျန်စားတဲ့သူဟာ
လူဖြစ်ရင် ဘဏ္ဍာစိုး ရဟန်းဆိုရင် မင်းဆရာဖြစ်မယ် ဘာမှတ်နေလဲ”
ဟုပြန်ပြောပါတယ်။
ထင်းခွေသမားလည်း ချက်ချင်းပဲ အပေါ်ကိုင်းက ကြက်ကို
ရိုက်သတ်ပြီး အိမ်ယူလာ ဇနီးဖြစ်သူကို ချက်ခိုင်းတယ်။ပြီးတော့ ဇနီးကို “
ရှင်မရေ ဒီကြက်ဟာ အစွမ်းအာနုဘော်ကြီးတယ် ငါပြောသလို စားကြရင် ငါက
မင်းဖြစ်မယ်၊မင်းက မိဖုရားဖြစ်မယ်။ ထမင်းနဲ့ ဒီကြက်သားကို ယူခဲ့
ဂင်္ဂါမြစ်မှာ သွားရေချိုးပြီးမှ စားကြတာပေါ့”
ဒီလိုနဲ့ ထမင်းနဲ့
ကြက်သားကို မြစ်ဆီယူလာပြီး ထမင်းမစားခင်
ရေဆင်းချိုးကြပါတယ်။ရေချိုးနေစဉ်မှာပဲ လေပွေတစ်ချက်တိုက်လိုက်တာ
ထမင်းတောင်းက မြစ်ထဲကျပြီး မျောပါသွားပါတော့တယ်။အဲဒီအချိန် မြစ်အောက်နားမှာ
ဆင်ဆရာတစ်ယောက်က ရေချိုးနေပြီး မျောလာတဲ့ ထမင်းတောင်းကိုတွေ့တော့
ဆယ်ယူဖွင့်ကြည့်လိုက်ပါတယ်။ပြီးတော့ မယားဖြစ်သူဆီပို့လိုက်ပါတယ်။
သူမလာမချင်း ထမင်းတောင်းမဖွင့်ဖို့လည်း တစ်ခါတည်းမှာလိုက်ပါတယ်။
ဆင်ဆရာမှာ အမြဲဆည်းကပ်ကိုးကွယ်နေတဲ့ ရသေ့တစ်ပါးလည်းရှိပါတယ်။ရသေ့က
ဒိဗ္ဗစက္ခုအဘိဥာဏ်လည်းရပြီးသားဆိုတော့ သူ့ဒကာကို ဘယ်လိုချီးမြှောက်ရမလဲလို့
ဆင်ခြင်ကြည့်နေတဲ့အချိန်ဆိုတော့ ထူးခြားမှုကိုမြင်ပြီး ဆင်ဆရာအိမ်ကို သူက
အရင်ရောက်အောင် ကြွသွားပါတယ်။ ဆင်ဆရာ အိမ်ပြန်ရောက်တော့ သူ့ဆရာရသေ့ကို
မြင်တာနဲ့ ကြက်သားဆွမ်းကပ်ဖို့ လုပ်ပါတယ်။ ဆရာရသေ့က “သင်တို့ ငါစီစဉ်တဲ့
အတိုင်းပြုကြ” လို့ပြောပြီး ကောင်းမြတ်တဲ့ အတွင်းသားတွေကို ဆင်ဆရာကို
စားစေပါတယ်။အပသားကို ဆင်ဆရာဇနီးကိုကျွေးပြီး သူကတော့ အရိုးအရင်းလောက်ပဲ
စားခဲ့ပါတယ်။ ပြီးတော့ ဆင်ဆရာအား “ သင် နောက်သုံးရက်လောက်ကြာရင်
မင်းဖြစ်လိမ့်မယ်။ သတိနဲ့နေပါ” လို့ပြောပြီး ပြန်ကြွသွားပါတယ်။
မကြာခင် အိမ်နီးချင်း မင်းတစ်ပါးက စစ်လာတိုက်ပါတယ်။ဒီတော့ ဆင်ဆရာရဲ့ မင်းက
ဆင်ဆရာကို မင်းအသွင်ဝတ်ပြီး ရှေ့ ကနေ တိုက်ခိုင်းပါတယ်။မင်းအစစ်က နောက်ကနေ
စီမံခန့်ခွဲပေးနေပါတယ်။ဒါပေမယ့် စစ်တိုက်နေစဉ် ရန်သူပစ်လိုက်တဲ့
မြှားတစ်စင်းဟာ မင်းအစစ်ကိုမှ မှန်ပြီး ကျဆုံးသွားပါတယ်။
မင်းအစစ်ကျပြီးနောက် ဆင်ဆရာက ငွေအသပြာတွေထုတ်ပြပြီး “ နိုင်အောင်တိုက်ကြ၊
နိုင်ရင် ဆုချမယ်” လို့ပြောပြီး တိုက်စေပါတယ်။နောက်ဆုံးတော့ ဆင်ဆရာတို့
နိုင်သွားတယ်။
စစ်ပွဲပြီးတော့ မင်းမြှောက်ဖို့ ပြဿနာဟာ အချိန်တိုနဲ့ ပြေလည်သွားပါတယ်။ ဆင်ဆရာကိုပဲ မင်းမြှောက်လိုက်ကြပါတယ်။
(ငါးရားငါးဆယ်ဇာတ်ဝတ္ထု-သီရိဇာတ်)
ဒီဝတ္ထုရဲ့ ထူးခြားချက်လေးကတော့ ရှေးကပြုခဲ့ဖူးတဲ့
ကုသိုလ်ကောင်းမှုအထူးပါမလာခဲ့ရင် ဘယ်လို ထူးခြားတဲ့အခြေနေနဲ့ပဲ ကြုံပါစေ
ကြီးပွားမှာမဟုတ်ဘဲ ကုသိုလ်အထူးပါလာရင်တော့ ကြီးပွားတိုးတက်မှာ ဖြစ်ပါတယ်။
( ရဝေနွယ်-အင်းမ) မင်္ဂလာအတွေးမှ အကျဉ်းချုပ်ပူဇော်သည်။