Tuesday, December 3, 2013

ဘာလို.များ….



  1. ခွဲခွာရမယ်ဆိုတာကို
    သိလျက်နဲ.
    ဘာလို.များ ပေါင်းစည်းနိုင်ဖို.
    ကြိုးစားနေကြပါလိမ်. ။။။
    ဆုံဆည်းခြင်းမှန်သမျှ
    ကွဲကွာခြင်းမှာ အဆုံးသတ်ပြီး
    ကွဲကွာခြင်းမှန်သမျှ
    နာကျင်ခံခက် ခါးသက်တာချည်းပဲ ဆိုတာ
    သိလျက်နဲ.လေ။။။
    ဆုံဆည်းခြင်း မရှိရင်
    ခွဲခွာရမှုမရှိ
    သောက ပရိဒေ၀မီးမလောင်
    အေးချမ်းမှု အတိနဲ့
    ပူလောင်မှု နတ္ထိပေါ့ ။။။
    တို. ဘို.ဘေးအစဉ်အဆက်ကို ကြည်.စမ်း
    တစ်ဦးနဲ.တစ်ဦး
    တစ်မိသားနဲ.တစ်မိသား
    အတူတကွ ပေါင်းစည်းနိုင်ဖို.
    ဆုပ်ကိုင်ထားနိုင်ဖို.
    ဖက်တွယ်ရပ်တည်နိုင်ကြဖို. ကြိုးစားရင်းနဲ.
    ခွဲခွာရခြင်း ဆိုတဲ. လမ်းဆုံးမှာ
    မျက်ရည်တွေ ဗရပွ
    သောကတွေ ပွက်ပွက်ထပြီး
    အတိုင်းအဆမရှိ ကြေကွဲမှုတွေနဲ.
    ချစ်ခင်တွယ်တာမှုအတွက်
    အဖိုးအခတွေ
    ပေးဆပ်ခဲ.ကြရတာများ ….
    ဘာလို.များ….
    ငါတို့က ဆုံဆည်းဖို. ကြိုးစားနေကြပါလိမ်. ….
    (Dhamma Rakhita)

No comments:

Post a Comment