Monday, September 9, 2013

မိုးခါးရေ…မသောက်ဘူး




လိမ်ညာလှည်.ဖျား မပြောကြားတတ်ပါဘူး ဆိုတော.
အများက ကဲ.ရဲ.ကြတယ်..
မုသားမပါ လင်္ကာမချော  တဲ. ။။။။
မှားယွင်းစွာ ကာမဂုဏ် မခံစားချင်ပါဘူးဆိုတော.
အများက ကဲ.ရဲ.ကြတယ်….
ငါးကြော်မကြိုက် ကြောင်မိုက်တဲ.။။။။
မူးယစ်သေစာ မသုံးစွဲတတ်ပါဘူးဆိုတော.
အများက ကဲ.ရဲ.ကြတယ်….
မင်း..ယောက်ျားမဟုတ်ဘူးတဲ.။။။။
သူတပါးဥစ္စာမတရားမလိုချင်ပါဘူး ဆိုတော.
အများက ကဲ.ရဲ.ကြတယ်….
ဒီခေတ်ကြီးမှာ ..မင်းမချမ်းသာနိုင်ဘူး တဲ.။။။။
တရားဓမ္မ အကြောင်း ပြောကြားပြန်တော.လဲ
အများက ငါ.ကို ကဲ.ရဲ.ကြတယ်…
ဘုရားဖြစ်မဲ. အုတ်နီခဲ တဲ. ။။။။
စဉ်းစားမိတယ်..
အများညီ ဤ  ကို ကျွဲ လို. ဖတ်နေကြပြီလား..
ရောမမှာ နေပြီး ငါ ကတော. မိုးခါးရေ မသောက်နိုင်ဘူး…
သူတပါးအမှားကနေ ငါ သံဝေဂယူမယ်…
ငါသည် ငါ ၏ လေးစားရသော အရှင်သခင်သာ ဖြစ်ပါရစေ သတည်း။။။။။။
                                                       
                                                                   by:Dhamma Rakhita

No comments:

Post a Comment